Monday, August 6, 2012

Gmail Label


ဒီတခါတော့ Gmail မှာ Label လေးတွေခွဲပြီး ဝင်လာတဲ့ စာများကို ခွဲသိမ်းလို့ ရမယ့်နည်းလေးကို ပြောပြချင်ပါတယ်..။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ရယ်ဂျစ်စတာ လုပ်လိုက်လို့  ကျနော်တို့ရဲ့ မေးလ်ထဲကို တနေ့တနေ့ ဝင်လာတဲ့စာတွေကလည်း မနည်းပါဘူး..။ အဲဒီဝင်လာတဲ့ စာတွေကို လေဘယ်လေးတွေခွဲပြီး တစ်နေရာစီ စုပေးလိုက်ရင် Inbox ထဲကိုမဝင်တော့တဲ့အတွက် မျက်စိရှုပ်သက်သာသလို ကြည့်ရတာလည်း အဆင်ပြေသွားပါမယ်..။ သူ့နာမည်နဲ့သူ လေဘယ်လေးတွေ ခွဲပေးလိုက်တဲ့အတွက် မဖတ်နိုင်ရင်တောင် ဖျက်ချင်ရင် ဖျက်ရတာလည်း လွယ်သွားမယ်..။
All Select ပေးပြီး Delete နှိပ်လိုက်ရင် မိမိတို့ မဖတ်ချင်တဲ့ မဖတ်နိုင်တော့တဲ့ သူဆီကလာတဲ့ မေးလ်တွေအာလုံး တခါထဲနဲ့ ဖျက်လို့ ရသွားပါလိမ့်မယ်..။ မိမိတို့ ချန်ထားချင်တဲ့ မေးလ်တွေကတော့ သူ့လေဘယ်နဲ့သူ ရှိနေပါတယ်..။ ပျက်မသွားပါဘူး..။ ဒါကြောင့်ဒီနည်းလေးကလည်း စာတွေအများကြီး ဝင်လာတတ်တဲ့သူများအတွက် အတော်လေး အဆင်ပြေမယ့် နည်းလေးတခုပါပဲ..။ လုပ်နည်းကလည်း သိပ်မခက်ပါဘူး..။ အောက်ကပုံလေးတွေ ကြည့်ပြီး လိုက်လုပ်လိုက်ရင် လုပ်တတ်သွားပါလိမ့်မယ်...။
အရင်ဆုံး မိမိတို့ မေးလ်ထဲကို ခဏခဏ စာတွေဝင်တတ်တဲ့ နာမည်တခုကို အမှန်ခြစ်လေး ပေးလိုက်ပါ.. ပြီးရင်တော့ နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..








အောက်ဆုံးကပုံအတိုင်း မြင်ရရင်တော့ နောက်နေ့တွေကစပြီး ဝင်လာမယ့် စာတွေအားလုံး အဲဒီလေဘယ်လေးထဲကိုပဲ ရောက်သွားပါလိမ့်မယ်..။ အရင်ကျနော်လုပ်ထားတဲ့ ညီနေမင်း နာမည်နဲ့ လေဘယ်ကိုပဲကြည့်ပါ..။ သူ့ဆီကစာတွေ Inbox ထဲကိုဝင်မလာတော့ပါဘူး..။ သူ့လေဘယ်ထဲကိုပဲ 
တန်းပြီး ရောက်သွားပါတယ်...

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host