Wednesday, August 29, 2012

Android ဖုန်းတွေအတွက် Z4 root သုံးပြီး root လုပ်နည်း


iPhone တွေမှာ Jailbreak လုပ်ထားမှသာ စိတ်ကြိုက် Crack App တွေ/ Myanmar Font တွေသွင်းလို့ ရသလို Android တွေမှာလဲ Myanmar Font တို့ ဘာတို့ သွင်းချင်ရင် root လုပ်ပေးရပါတယ်။ Android Phone တွေအတွက် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး root လုပ်နည်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်အခုတင်ပြမယ့် root လုပ်နည်းက z4root ကိုသုံးပြီး root လုပ်တဲ့နည်းလေးပါ။ Android Version 2.3.3 တွေကိုတော့ z4root နဲ့ လုပ်လို့ မရပါဘူး။ z4root ကဖုန်းတိုင်းနဲ့ လဲ မကိုက်ညီပါဘူး။ z4root နဲ့ root လုပ်လို့ ရမယ့် ဖုန်းအမျိုးအစားတွေကိုအောက်မှာဖော်ပြပေးလိုက်ပါမယ်။
Samsung Galaxy S (All variants)
Backflip
Sony Xperia X10
Sony Xperia Mini
Drod 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Hero
Optimus T
Droid 1 (z4root 1.2.1)
Garmin Asus A50
Motorola Defy
LG Ally


အဲဒီဖုန်းအမျိုးအစားတွေကိုပဲ z4root နဲ့  root လုပ်လို့ ရပါတယ်။

1. z4root App လေးကို အရင် download ဆွဲလိုက်ပါ။ (Download z4root 3.0.1)

2. မိမိဖုန်းထဲမှာ z4root ကို install လုပ်ပါ။


3. ဖုန်းထဲမှာ z4root ကိုဖွင့်လိုက်ပါ

Hfimages

ဒီဖုန်းလေးက root လုပ်ပြီးသားဖုန်းမို့ လို့  ဒီလိုဖြစ်နေတာပါ။ ပုံမှန်ဆိုရင်တော့ Temporary root နဲ့  Permanent root ဆိုပြီးနှစ်ခုရွေးခိုင်းလိမ့်မယ်။


4. Permanent root ကိုပဲရွေးပေးလိုက်ပါ။ Temporary Root ကိုရွေးပေးမယ်ဆိုရင် ဖုန်းကို Power ပိတ်ပြီးပြန်ဖွင့်ခဲ့ပါက root လုပ်ထားတာတွေအကုန်ပျက်သွားပါလိမ့်မယ်။

5. Permanent root ကိုရွေးပေးပြီး ဖုန်း root လုပ်နေချိန်ကိုခဏစောင့်ပါ။ ခဏနေရင် restart ဖြစ်သွားပါလိမ့်မယ်။ Power ပြန်ပွင့်လာလို့ ရှိရင် မိမိရဲ့ ဖုန်းထဲမှာ Super User ဆိုတဲ့ App လေးတစ်ခုတိုးလာလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ ဖုန်းဟာ root လုပ်ပြီးသားဖုန်းဖြစ်သွားပါပြီ။

Hfimages

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host