
အခုပြောမယ့် နည်းလေးကတော့ ကွန်ပျူတာကို
ကိုယ်ဖွင့်စေချင်တဲ့အချိန်ကိုထားပြီး သီချင်းလေးနဲ့ auto
ဖွင့်ချင်သူများအတွက် ဖြစ်ပါတယ် ။ မနက်ခင်းမှာ
ကျောင်းနောက်မကျအောင်ပဲဖြစ်ဖြစ် ၊ အလုပ်နောက်မကျအောင်ပဲဖြစ်ဖြစ် အများစုက
alarm ပေးပြီးအိပ်တတ်ကြပါတယ် ။ အခုနည်းလမ်လေးကိုလည်း alarm
ပုံစံအသုံးပြုရာမှာ အဆင်ပြေနိုင်ပါတယ် ။
ဥပမာ မနက် ၇ နာရီကို alarm ပေးထမယ်လို့
ဆုံးဖြတ်ထားရင် ကွန်ပျူတာကို မနက် ၇ နာရီမှာ auto ဖွင့်စေပြီး ကွန်ပျူတာ
ပွင့်လာတာနဲ့အတူ မနက်ခင်းမှာ ကိုယ်စိတ်ကို အေးချမ်းစေမယ့် ၊
ကိုယ်ကြိုက်နှစ်သတ်တဲ့ သီချင်းလေးကို တွဲပြီး
လာအောင်ပြုလုပ်ပေးထားလိုက်ရင်လည်း alarm သဘောဖြစ်စေရုံသာမက မိမိနှစ်သတ်တဲ့
သီချင်းလေး လာနေတဲ့အတွက် ပုံမှန် alarm အသံတွေလိုလည်း စိတ်ညစ်ညစ်နဲ့
အိပ်ရာထစရာ မလိုတော့ပါဘူး ။ တစ်ခုရှိတာက တကယ်လို့စက်မှာ password
ပေးထားခဲ့ရင်တော့ ကွန်ပျူတာ auto ဖွင့်တဲ့အခါ password ပေးတဲ့ နေရာရောက်ရင်
ရပ်တန့်သွားမှာ ဖြစ်ပါတယ် ။ အဲဒါကြောင့် alarm ပုံစံလေး
အသုံးပြုမယ်ဆိုရင်တော့ အိပ်ခါနီး စက်ကို password
လေးခဏဖြုတ်ထားဖို့လိုပါလိမ့်မယ် ။
အခု ကွန်ပျူတာကို auto ဖွင့်စေဖို့
နည်းလေးနဲ့ ကွန်ပျူတာ ပွင့်လာတဲ့အခါ သီချင်းပါ တစ်ခါတည်းလာစေဖို့
နည်းလမ်းလေး နှစ်ခုကို ပြောပြပါမယ် ။
- ကွန်ပျူတာကို မိမိဖွင့်စေချင်တဲ့အချိန်မှာ auto ဖွင့်နိုင်အောင် ကွန်ပျူတာ window စတက်တက်လာချင်းမှာ Delete key ကိုနှိပ်ပြီး Boot System ထဲကို ဝင်ရပါမယ် ။
- ဝင်ပြီးသွားရင် တွေ့ရမယ့် ခေါင်းစဉ်လေးတွေထဲက Power ကို ရွေးပြီး Enter ခေါက်လိုက်ရင် သူ့ရဲ့ functions တွေကျလာပါလိမ့်မယ် ။ အဲဒီထဲကမှ APM Configuration ကို ရွေးပြီး Enter ခေါက်လိုက်ပါ ။
- Power On By RTC Alarm ကိုတွေ့ရပါလိမ့်မယ် ။ တကယ်လို့ Enable ဖြစ်နေရင် သူရဲ့ functions လေးတွေကို တစ်ခါတည်း မြင်ရမှာ ဖြစ်ပြီး Disable ဖြစ်နေရင်တော့ Option ထဲကနေ Enable ကိုပြန်ရွေးပေးရမှာ ဖြစ်ပါတယ် ။
- Enable ဖြစ်သွားပြီဆိုရင် သူရဲ့ functions တွေ ဖြစ်တဲ့ RTC Alarm Date (Days) နဲ့ RTC Alarm Time ဆိုတာကို တွေ့ရပါလိမ့်မယ် ။ RTC Alarm (Date) မှာ မိမိထားချင်တဲ့ ဂဏန်းနေ့ရက်ကို (+) ၊ (-) keys လေးတွေသုံးပြီး ထားပေးရမှာ ဖြစ်ပါတယ် ။
- RTC Alarm Time မှာတော့ မိမိထားချင်တဲ့ နာရီ ကို (+) ၊ (-) keys တွေကို သုံးပြီး ပြုပြင်လို့ရပါတယ် ။ မိမိထားချင်တဲ့ နေ့ရက်နဲ့ နာရီကို ထားပြီးပြီ ဆိုရင်တော့ F10 key နဲ့ save လုပ်လိုက်ရင် ကွန်ပျူတာက auto window တက်သွားမှာပါ ။
ဒါဆိုရင် မိမိဖွင့်စေချင်တဲ့ အချိန်မှာ ကွန်ပျူတာကို auto ဖွင့်နိုင်ပါပြီ ။
ကွန်ပျူတာ ပွင့်လာတာနဲ့ သီချင်းပါ တစ်ခါတည်းတွဲလာစေဖို့ကတော့ အောက်ကနည်းလမ်းလေးနဲ့ လုပ်ဆောင်နိုင်ပါတယ် ။
ပထမဦးဆုံး Media Player
ရွေးပေးရမှာ ဖြစ်ပါတယ် ။ Window Media Player ကိုသုံးပြီး
ဖွင့်ချင်ရင်တော့ မိမိနားထောင်ချင်တဲ့ သီချင်းကို window Media Player မှာ
အရင်ဖွင့်လိုက်ပါ ။ အောက်မှာပြထားတဲ့ပုံလေးအတိုင်း Player ရဲ့ ညာဘက်
အပေါ်ထောင့်လေးကို click လိုက်ပါ ။
နောက်ထပ်ပေါ်လာတဲ့ box လေးမှာ အောက်ဆုံးက
မြှားပြထားတဲ့ နေရာလေးကို right click ထောက်ပြီး File ထဲက Save Now Playing
list as ဆိုတာကို click ပြီး save လိုက်ပါ ။
ပြီးရင်တော့ စောစောက box ထဲမှာပဲ ဘယ်ဘက်က
Playlists ထဲမှာ ကိုယ် save လိုက်တဲ့ သီချင်း file လေးကို တွေ့ရမှာပါ ။
အဲဒီသီချင်းဖိုင်လေးကို right click ထောက်ပြီး open file location ကို
click လိုက်ပါ ။ file location ထဲမှာ ရှိနေတဲ့ မိမိကွန်ပျူတာ auto
ပွင့်တဲ့အခါ လာချင်တဲ့ သီချင်း file လေးကို copy ကူးလိုက်ပြီး Start Menu
ထဲက All Program ထဲမှာ Startup ကို ရှာလိုက်ပါ ။ တွေ့ရင် ဖွင့်လိုက်ပြီး
စောစောက ကိုယ် copy ကူးထားတဲ့ သီချင်းဖိုင်လေးကို အဲဒီမှာ save
လိုက်ရုံပါပဲ ။ အောက်မှာပုံလေးတွေနဲ့ ပြသထားပါတယ် ။
ဒါကတော့ Window Media Player သုံးပြီး
ဖွင့်တဲ့ပုံစံလေး ဖြစ်ပါတယ် ။ တစ်ခြား Media Player တွေသုံးပြီးတော့လည်း
ဖွင့်နိုင်ပါတယ် ။ အဓိကကတော့ Startup ထဲကို ကိုယ်ဖွင့်စေချင်တဲ့
သီချင်းရောက်သွားဖို့ပါပဲ ။ အားလုံးပဲ အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ ။
Source:nayminzweman
0 comments:
Post a Comment