Saturday, June 30, 2012

Knock Down Cans


Racing Car


Friday, June 29, 2012

V Day


Thursday, June 28, 2012

Racing Car


Fun Fair


X-Mas


Wednesday, June 27, 2012

Photo Studio


Shoot


New Year


ဘုရားကန်တော့တာနဲ့ ဘုရားရှစ်ခိုးတာဘာကွာသလဲ?

ဘုရားကန်တော့တယ် ဆိုတာ အပြစ်များပပျောက်အောင်တောင်းပန်ခြင်း။ သြကာသ အစရှိတာက ဘုရားကန်တော့ဖြစ်ပါတယ်။

ဘုရားရှစ်ခိုးတယ် ဆိုတာ ဘုရားရှင်၏ဂုဏ်တော်များအားအာရုံပြုရွတ်ဆိုခြင်း ဖြစ်ပါတယ်။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဆိုတာ နတ် () ပါးနှင့် ပညာရှင် များရှစ်ခိုးသောဘုရားရှစ်ခိုးဖြစ်ပါတယ်။။
ဘဂ၀တော = ဘဂ၀ါဂုဏ်ရှင်ဖြစ်တော်မူသော
အရဟတော = အရဟံဂုဏ်ရှင်ဖြစ်တော်မူသော
သမ္မာသမ္ဗုဒ္ဓဿ = သမ္မာသမ္ဗုဒ္ဓဿဂုဏ်ရှင်ဖြစ်တော်မူသော
တဿ = ထိုမြတ်စွာဘုရားအား
နမော = ရိုသေမြတ်နိုးအကျွန်ပ်ရှစ်ခိုးပါ၏။
ဂါထာ
သာတာဂိရိ နမော ယက္ခော၊တဿ အသုရိန္ဒကော၊
ဘဂ၀တော မဟာရာဇာ၊သက္ကော အရဟတော တဿ။
သမ္မာသမ္ဗုဒ္ဓဿ ဗြဟ္မာ၊ ဧတေ ပဉ္ဇ နမဿန္တိ။
နတ် () ပါးနှင့်ပညာရှင်များမှာ-
၁။ သာတာဂိရိနတ် = နမော
၂။ အသုရိန်နတ်မင်း = တဿ။
၃။ စတုမဟာရာဇ်နတ်မင်း = ဘဂ၀တော။
၎။ သိကြားမင်း = အရဟတော။
၅။ သဟမ္ပတိဗြဟ္မာမင်း= သမ္မာသမ္ဗုဒ္ဓဿ။
ဟုဆိုခဲ့သည်ဟု မှတ်သားဖူးပါတယ်။
၁။ ဗိမ္မိဿာရမင်း။
၂။ ပေဿနဒီကောသလမင်း။
၃။ ဗြဟ္မယုပုဏ္ဏား။
၎။ ပေါက္ခရသာတိပုဏ္ဏား။
၅။ ဇာဏုေဿာဏိပုဏ္ဏား။
၆။ အရိယာဓနဉ္ဇာနီပုဏ္ဏားမ။ တို့က နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဆိုကာ ဘုရားရှစ်ခိုးခဲ့တယ်လို့ ဆိုပါတယ်။။
အရဟံ ဆိုတာ ဘုရားဂုဏ်တော် တွေကိုရည်မှန်းတာမို့ ဘုရားရှစ်ခိုးဖြစ်ပါတယ်။                   
အရဟံ၏ အဓိပ္ပါယ် () မျိုး။
၁။ အရဟံ = သုံးလုံးဝလုံး တပေါင်းတည်းယူသောနည်း။
မြတ်စွာဘုရား၏သဏ္ဍန်တွင်လောဘ၊ဒေါသ၊မောဟ အစရှိသောကိလေသာများ၊ ၀ါသနာနှင့်တကွ
လုံးဝကင်းစင်ပါပေသည်။                                                                   
၂။ အရဟံ = အတွင်းကိလေသာများကိုသတ်ဖြတ်ပြီးသောကြောင့် အရဟံမည်ပါပေသည်။
၃။ အရ-ဟံ = ရှေ့ကနှစ်လုံးတွဲယူသောနည်း။ သံသရာဘ၀စက်၏ ဆယ်ပါသောဒေါက်
အကန့်တို့ကိုပယ်ဖျက်တော်မူပြီးသောမြတ်စွာဘုရား။
၎။ အ-ရဟံ = လူမင်းနတ်မင်းတို့၏ပူဇော်အထူးကိုခံယူထိုက်ပါပေ၏။                                         
၅။ အ-ရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား။
ဘုရားရှိခိုးတယ်ဆိုတာ ကမ္မဋ္ဌာန်းတရား(၄၀)အနက် ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ခြင်း လည်းဖြစ်။ ဗုဒ္ဒနုဿတိကမ္မဋ္ဌာန်းဆိုတာ ဘုရားရှင်ရဲ့ဂုဏ်တော်ကို စိတ်ဖြင့် အဖန်တလဲလဲ ဆင်ခြင်ခြင်းဖြစ်တယ်။ သို့သော် ဗုဒ္ဓဂုဏ်တော်ဆိုတာ အလွန်နက်ရှိုင်းတယ်။ ဂုဏ်တော်ကို မကျက်မှတ် မရွတ်ဆိုဘဲ စိတ်ဖြင့် ဆင်ခြင်ဖို့ မလွယ်ကူဘူး။ ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော် တွေကို ဦးစွာရအောင်ကျက်မှတ်ရတယ်။ ကျက်မှတ်ပြီးတော့ နှုတ်ကရွတ်ဆိုရတယ်။ နှုတ်က ရွတ်ဆိုရင်း စာမှာပါဝင်တဲ့ ဂုဏ်တော်ကိုဆင်ခြင်တာကို ဗုဒ္ဒနုဿတိကမ္မဋ္ဌာန်းဘာဝနာလို့ ခေါ် ပါတယ်။
ဘုရားရှစ်ခိုးရခြင်းအကျိုး(၉)ပါး ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ(ပ)၂၀၆
၁။ ဘုရားရှင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်းရှိတယ်။
၂။(က) ရတနာသုံးပါး၌ ယုံကြည်မှု၊ ကံ-ကံ၏အကျိုး၌ ယုံကြည်မှု
          သဒ္ဓါတရားတိုးပွားလာတယ်။
    (ခ)  အမှတ်သတိကောင်းလာတယ်၊ မမေ့မလျော့ဘူး၊
          မရူးသွပ်နိုင်ဘူး၊ စိတ်ရောဂါ မဖြစ်နိုင်ဘူး။
    (ဂ) ဉာဏ်ပညာထက်မြက်လာတယ်၊ ဉာဏ်ထက်မြက်လာလို့
          စာကျက်လျှင် ရလွယ်တယ်။ စာကြည့်လျှင် မှတ်မိလွယ်တယ်။
(ဃ) ကောင်းမှုတရား တိုးပွားလာတယ်၊ ခန္ဓာကိုယ်တွင်းမှာ
       ကုသိုလ်တရားတွေ ပွါးများလာတယ်။
၃။ (က) နှစ်သက်ခြင်းပီတိတရား ဖြစ်ပွားလာတယ်။
     (ခ)  နှစ်သက်ရုံမက ၀မ်းသာခြင်း ပါမောဇ္ဇတရားလည်း တိုးပွားလာတယ်။
၎။ (က) ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ်တို့ကို နှိမ်နင်းနိုင်တယ်။
မဟာရာဇ၀င်မှာလာတဲ့ မိဖုရားစောလုံဟာ ဘုရားဂုဏ်တော် ထုံထားတော့ မီးမလောင်ဘူး၊ တောက်လောင်နေတဲ့မီးဟာ ငြိမ်းရတယ်။ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော်ဟာ ဘေးရန်အန္တရာယ်ကို သည်းခံနိုင်စွမ်းရှိတယ်။
(ခ) အကယ်၍ ဘေးရန်အန္တရာယ်နှင့် မလွှဲမရှောင်သာကြုံဦးတော့ ကြုံလာတဲ့ ဘေးရန် အန္တရာယ်ကို သည်းခံနိုင်စွမ်းရှိတယ်။
၅။ မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့် ထုံထားတော့ ဘုရားရှင်နှင့်အတူ နေရသလို အမှတ် ရတယ်။
၆။ မိမိခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး လူနတ်ဗြဟ္မာတို့ရဲ့ပူဇော်ခြင်းကို ခံယူထိုက်တယ်။
၇။ ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ဘုရားရှင်ရဲ့ ဂုဏ်တော်များ ဤမျှကြီးကျယ် ခမ်းနား လှ ပါကလား၊ ငါလည်းဤသို့သော ဂုဏ်ပိုင်ရှင် ဘုရားဖြစ်ရန် စိတ်ညွှတ်နိုင်တယ်။
၈။ လွန်ကျူးအပ်တဲ့ ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ တွေ့ကြုံသည့်တိုင်အောင် မိမိ မျက်မှောက်မှာ ဘုရားရှင်ကို မြင်ရသလို ဖြစ်ပြီး အရှက်အကြောက်ပေါ်လာကာ ဒုစရိုက်က ရှောင်လွှဲနိုင်တယ်။
၉။ အထက်မဂ်ဖိုလ်နိဗ္ဗာန်ကို မထိုးထွင်းမသိမြင်နိုင်စေကာမူ သေသည်ရဲ့အခြားမဲ့မှာ ဒုဂ္ဂတိ ဘ၀ကို မလားနိုင်ဘူး၊ သုဂတိဘ၀ကိုသာ လားရောက်ဖို့ ရှိတယ်။
ဘုရားရှစ်ခိုးရတဲ့အကျိုးဟာ ယခုဘ၀မှာပင် ခံစားနိုင်တဲ့ အကျိုးစိတ် (၁၃) ပါးရှိတယ်။ သည် (၁၃) ပါးကို တူရာပေါင်းလိုက်လျှင် ပစ္စုပ္ပန် ဘုရားရှစ်ခိုး ရကျိုး ရှစ်ပါးရှိတယ်။ နောင်ဘ၀ သုဂတိလားရတဲ့ အကျိုးတစ်ပါး ထည့်လိုက်လျှင် ဘုရားရှစ်ခိုးရတဲ့အကျိုးဟာ ကိုးပါးရှိတယ်။
                                                                  
ဘုရားရှိခိုးရကျိုး ၉ မျိုး။
စေတီအတူ၊ စိတ်မူတည်ကြည်၊ရောက်မည်နတ်ရွာ၊
တွေ့ခါသိလွယ်၊မြတ်နွယ်အမျိုး၊ရိုးကျိုးခံရ၊ပြည့်ဝအင်္ဂါ၊
ဆင်းလှစွာနှင့်၊ကာယ ခံတွင်း၊ကြိုင်သင်းမွှေးကြူ၊
 ကြီးမူပညာ၊နက်စွာဖက်ရွှင်၊လျှင်မြန်ဆန်းကြယ်၊
ကောင်းကြွယ်စကား၊ဆိုနိုင်ငြားလည်း၊ဘုရားဂုဏ်တော်ပွါးကျိုးတည်း။
ဘုရားရှိခိုးရကျိုး ၉ မျိုး။ရှစ်လုံးဘွဲ့ကဗျာ (တည်တောဆရာတော်)
၁။ မြတ်ဘုရား၌၊ ၀တ်တွားရိုသေ။
ဒ္ဓါ၊သတိ၊ ဓိတိပုည။
နေ့စဉ်ပွါးလို့၊ပယ်ရှားကိလေ။
နှစ်သက်ခြင်း၊ရွှင်ခြင်းပါမောဇ္ဇေ။
၂။ ဘေးနှင့်ရန်မျိုး၊ပယ်ချိုးနိုင်သလေ။                                             
ဆင်းရဲကြုံလည်း၊ခံသည်းမသွေ၊
မြတ်ဗုဒ္ဓနှင့်တကွအတူနေ။                                                            
ပူဇော်ထူး၊ညွှတ်ဦးခံထိုက်ပေ။
၃။ ဗုဒ္ဓစင်စစ်၊ဖြစ်လိုက်ချင်သလေ။                                            ရှက်ကြောက်နှစ်ပါး၊ဌင်ရှားပေါ်ချေ၊                                      သေမှာမကြောက်၊ဆိုက်ရောက်နတ်ပြည်။                                   
 ရှိခိုးကောင်းကျိုးအထွေထွေ။
၎။ မြတ်ဗုဒ္ဓအား၊၀တ်တွားကော်ရော်။                                                 ရှိခိုးရကျိုး၊ကိုးမျိုးဖွင့်ဖော်။                                                           
ဝိသုဒ္ဓိကျမ်း၊ရွှင်လန်းအလျော်။                                                                                         ကဗျာဖွင့်၊ ဉာဏ်ဖြင့်ရှုကာမျှော်။
ဗုဒ္ဓနုဿတိဂုဏ်တော်ပွါးကျိုး ၁၇ မျိုး။
၁။ မိမိခန္ဓာကိုယ်အတွင်းသဏ္ဍန်သည် စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ရှိခိုးမှု ကိုခံထိုက်ခြင်း။
၂။ စိတ်ဓါတ်ရဲရင့်တည်ကြည်ခြင်း။
၃။သေခါနီး၌ မတွေမဝေ သေရ၍ သေသည်၏အခြားမဲ့၌ နတ်ရွာသုဂတိသို့ ရောက်ခြင်း။
၎။ နောင်အခါ ဘုရားနှင့်တွေ့ရာဝယ် သစ္စာလေးပါးကိုသိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတစ်ပါးတို့၏အရိုအသေပြုမှုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သောကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း။
၈။ အဆင်းလှခြင်း။
၉။ ကိုယ်အနံ့ကြိုင်သင်းခြင်း
၁၀။ ခံတွင်းနံ့ပြန့်မွှေးခြင်း။ 
၁၁။ ကြီးကျယ်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၂။ နက်နဲသောဉာဏ် ပညာနှင့်ပြည့်စုံခြင်း။
၁၃။ ထက်မြက်သော
ဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၄။ လျှင်မြန်သော ဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၅။ ရွှင်သော ဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၆။ ဆန်းကျယ်သောဉာဏ် ပညာနှင့်ပြည့်စုံခြင်း။  
၁၇။ စကားကောင်းကိုဆိုနိုင်ခြင်း။
ဘယ်ဂုဏ်ပွါး ပွါး အတူတူရရှိမည့်ကောင်းကျိုးများဖြစ်သည်။
ဝိသုဒ္ဓါရုံလင်္ကာ
၁ ။ကိလေမနှောင့်၊                                                                                                                                    ၂။ စိတ်စဉ်ဖြောင့်၏၊
၃။ ဘုန်းခေါင့်ရိုသေ၊
၎။ သဒ္ဓါစွေ၍၊
၅။ နှစ်ထွေပီတိ၊
၆။ သည်းခံချိ၏၊
၇။ စေတီပုံလား၊
၈။ ဘုရားနှင့်နေ၊
၉။ ထင်ပေဟိရောတ်၊
၁၀။ စိတ်ညွတ်ချစ်ရှင်၊
၁၁။ မဂ်စဉ်မပွား၊ နတ်ရွာလားသည်၊ဘုရားဂုဏ်တော် ပွားကျိုးတည်း။
သီးသန့်ဂုဏ်တော်ပွါးကျိုး။
၁။ အရဟံဂုဏ်တော်ပွါးလျှင် ဘေးရန်ကင်းခြင်း၊ ကျန်းမာခြင်း၊ လာဘ်လာဘပေါများခြင်း အကျိုးသီးသန့်ထပ်ရသည်။
၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွါးလျှင် စိတ်ရွှင်လန်းခြင်း၊ဉာဏ်ပွင့်ခြင်း၊စာမေးပွဲအောင်ခြင်း အကျိုးသီးသန့်ထပ်ရသည်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် ပွါးလျှင်ဝိဇ္ဇာပညာ၊အသက်မွေးအတတ်ပညာများပြိုင်ဘက်မရှိ တတ်မြောက်နိုင်သည့်ကောင်း ကျိုးကို သီးသန့်ထပ်ရသည်။
၎။ သုဂတဂုဏ်တော် ပွါးလျှင် စကားစစ်ထိုးခြင်း၊အမှုအခင်း၊အရောင်းအ၀ယ်၊အရေးတကြီးကိစ္စ
ပြောဆိုခြင်းများ၌အောင်မြင်ခြင်း ကျိုးကို သီးသန့်ထပ်ရသည်။
၅။ လောက၀ိဒူ ဂုဏ်တော် ပွါးလျှင် လောကရေး၊လူမှုရေးရာအဖြာဖြာနှင့် လူကဲကို ရှင်းရှင်းလင်းလင်းပိုင်ပိုင်နိုင်နိုင်သိနိုင်ခြင်းကောင်းကျိုးကို သီးသန့်ထပ်ရသည်။
 ၆။ အနတ္ထရောပုရိသဒမ္မသာရထိဂုဏ်တော် ပွါးလျှင်နတ်လူတို့အလယ်တွင်ကျောဇောသတင်း ပျံ့နှံ့ခြင်း၊ရှိခိုးပူဇော်ခံရခြင်းးကောင်းကျိုးကို သီးသန့်ထပ်ရသည်။
၇။ သတ္တဒေ၀မနုဿာနဂုဏ်တော်ပွါးလျှင်နှတ်စလျှာစထက်မြက်၍ဆိုတိုင်းရ၊ကြံတိုင်း အောင်မြင်ခြင်း ကောင်းကျိုးကို သီးသန့်ထပ်ရသည်။စိတ်ဝေဒနာသည်များဤ ဂုဏ်တော် ရေမန်းတိုက်လျှင်ပျောက်သည်ဟုဆိုကြသည်။
၈။ဗုဒ္ဓေါဂုဏ်တော် ပွါးလျှင် ဘေးဆိုးရန်ဆိုးကြမ္မာဆိုးအမျိုးမျိုးးမှ လွတ်ကင်း၍ ချမ်းသာခြင်း နှင့်ပြည့်စုံသည့်ကောင်းကျိုးကို သီးသန့်ထပ်ရသည်။
၉။ ဘဂ၀ါဂုဏ်တော် ပွါးလျှင် ဘုန်းတန်ခိုးတေဇော်အာနုဘောကြီးမားသည့်းကောင်းကျိုးကို သီးသန့်ထပ်ရသည်။
သုဘူတိရဟန္တာမထေရ် သည်အဘိညာဉ်နှင့်ဈာန်ဝင်စားသောအရာတွင်ဧတဒ်ဘွဲ့ရသည်။ အတိတ်ဘ၀ကဂုဏ်တော်ပွါးခဲ့ခြင်းကြောင့် အပါယ်သို့မလားရပဲ လူနတ်ဘ၀များ၌သာ ကျင် လည်ခဲ့ရသည်။ ၎င်းကျင်လည်ခဲ့သောဘ၀များကို တပ်ကုန်းဆရာတော်က အောက်ပါ အတိုင်း ဖွဲ့ဆိုခဲ့သည်။
ဂုဏ်တော်ပွါးထုံ၊ စိတ်လိုပြည့်စုံ၊နတ်ဘုံကမ္ဘာသုံးသောင်းသာတည်း။ သိကြားမှာရှစ်ဆယ်၊
စကြာဝယ်တစ်ထောင်၊အခေါင်ပဒေသရာဇ်၊အကြိမ်ကြိမ်ဖြစ်၏။ မကျအပါယ်၊စည်းစိမ်ဝယ်လည်း၊ လျော့မရှိဥစ္စာ၊ဘိညာဉ်ဈာန်၊ဂုဏ်ထူးနှင့်ပင်၊ နိဗ္ဗာန်ဝင်သည်၊ဂုဏ်တော်ပွါးသူအကျိုးတည်း။
ကျမ်းကိုး။
မေတ္တာရှင်ဇ၀န (ရွှေပြည်သာ)။

Lover Island


Lucky Seven


Lucky World


Festival


Chinese New Year


Tuesday, June 26, 2012

AD


Pattern


Kok


Monday, June 25, 2012

V Home


After Married


Magic


Disney


X-mas


Lucky 7


Mr Bean


Halloween


Lucky World


Happy Valentines


Valentines


5D


Tatoo


Tatoo World


Shoot Gallery


Amazing


Magic


ဒီစာကို Select ပေးပြီးရေးပါ...

Air Gun


Fun


Haunted House


Sunday, June 24, 2012

ဒီစာကို Select ပေးပြီးရေးပါ...

Halloween 2


Holloween Festival


5D


Shoot Gun


Fun Fair


Wednesday, June 20, 2012

Caricature


Entertainment


5D


Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host