အလိုရှိသော Software များ Download ရယူနိုင်ပါသည်
ကျွန်တော်၏ နေရာလေးထဲတွင် Software များ ၊ကျန်းမာရေး ၊ဗဟုသုတ ၊ကဗျာ ၊ဒီဇိုင်းများနှင့် အခြားခြားသောဖျော်ဖြေရေးအစီ အစဉ်များမိုတတ်နိုင်သလောက်ပြီးပြည့်စုံအောင်ဖေါ်ပြပေးသွားပါမည်။ကျေးဇူးတင်လျှက်

ကဗျာများနှင့်ပတ်သတ်သော ရင်တွင်းခံစားချက်အချို့ 
တစ်ခါတစ်ရံမှာ ကဗျာလေးတွေကလည်းရင်ထဲက ခံစားချက်အချို့ ကို ပြေပျောက်စေတယ်လေ။သူငယ်ချင်းတို့လည်းခံစားတတ် မယ်ဆိုရင်ဒီနေရာလေးမှာ ခံစားကြည့်လို့ရပါတယ်။

Designများနှင့်ပတ်သတ်သမျှ
ဒီဇိုင်းနဲ့ပတ်သတ်ပြီးအချိန်ကာလ အတိုင်းအတာတစ်ခုအထိရူးသွပ်ခဲ့ဘူးပါတယ်။ဒီနေရာလေးမှာ ကျွန်တော့်လက်ရာဒီဇိုင်းအချို့  ကိုလေ့လာနိုင်ပါတယ်

Tuesday, September 4, 2012
မိမိကားတည်နေရာကို ဖေါ်ပြပေးမယ့် My Car Locator
ဒီဆော့ဝဲလေးကတော့ Andriod ဖုန်းများအတွက် မိမိကားတည်နေရာကို ပြသပေးမယ့် ဆော့ဖ်ဝဲလေးဖြစ်ပါတယ်။Andriod ဖုန်းကို သုံးပြီး Bluetooth ပါဝင်တဲ့ကားတစ်စီးရဲ့ ရွေ့ လျှားနေမှုကို Google Earth ကနေချိတ်ဆက်ပြီး ကြည့်ရှု ခြင်းဖြစ်ပါတယ်။ဒီ Application လေးကို သုံးမယ်ဆိုရင် Andriod Os Version 1.5 နှင့် အထက်ရှိရပါမယ်။တွဲသုံးမယ့်ကားမှာလည်းBluetooth နှင့် Gps စံနစ်တို့ပါဝင်ရပါမယ်။အသုံးပြုပုံကတော့ တွဲဖက်အသုံးပြုမယ့်ကားနဲ့ Bluetooth ခြင်းချိတ်ဆက်ပြီး GPS နံပါတ်ရယူရပါတယ်။ ၄င်းနံပါတ်ကို ရယူပြီးသွားပြီဆိုလျှင်My Car Locator ရဲ့  Google Earth မြေပုံထဲမှာ မိမိကားရဲ့ တည်နေရာကို အနီရောင်အမှတ်အသားလေးနဲ့ စတင်ဖေါ်ပြနေတာကို တွေ့ရပါလိမ့်မယ်။ Google Earth နဲ့ Google Map နှစ်မျိုးလုံးကို နှစ်သက်ရာဖြင့် ရွေးချယ်အသုံးပြုနိုင်ပြီး အထင်ကရလမ်းတွေကို မြန်မာဘာသာဖြင့် အသေးစိတ်ဖေါ်ပြပေးထားပါသည်။
Down load For ==> Mediafire
Monday, September 3, 2012
ဗီယမ်နမ် တောနက်တွင်းမှ အဆုံးမဲ့ လှိုဏ်ဂူကြီး၏ ရင်သပ် ရှုမောဖွယ် မြင်ကွင်းများ
ဗီယမ်နမ် ဘာသာဖြင့် Hang Son Doong (တောင်ပေါ်မြစ်လှိုဏ်ဂူ) ဟု အမည်ရသည့် လှိုဏ်ဂူကြီးကို ၁၉၉၁ ခုနှစ်က ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကြီးမားသော လှိုဏ်ဂူကြီး အောက်ခြေမှ မြေအောက်မြစ်များ၏ ရေစီးသံများ ကြားနေရသောကြောင့် Hồ-Khanh ဟု အမည်ရသော ထိုတောတွင်း ဒေသခံမှာ ကြောက်လန့်ခဲ့သည်ဟု ဆိုသည်။
ဗီယမ်နမ် တောနက်အတွင်း ပျောက်ကွယ်နေသော Hang Son Doong လှိုဏ်ဂူကြီးသည် ဂူအခွဲပေါင်း ၁၅၀ ကျော်ပါဝင်ပြီး တစ်ခုနှင် တစ်ခု ဆက်နွယ်နေသော ကြီးမားသည့် ကွန်ယက်ဂူကြီးဖြစ်သည်။ ထိုဂူကြီးအား တွေ့ရှိရသည့် အကြောင်းကို ၂၀၀၉ ခုနှစ်အထိ အများပြည်သူအား အသိပေးဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။
Sunday, September 2, 2012
Android ဖုန်းများတွင် 3G Internet Setting ထည့်နည်း
Android ဖုန်းများတွင် အင်တာနက် setting ထည့်နည်းလေးတွေ
ကို မိမိနဲ့ အဆင်ပြေမယ့် နည်းလေးတွေကို သိရှိစေဖို့
ဖော်ညွန်းပေးလိုက်တာပါ။အင်တာနက်ပေါ်က တခြားဆိုဒ်များကနေ
သင့်တော်မယ့်အရာလေးတွေကို ဖော်ပြပေးထားတာပါ။ အဆင်ပြေသလို
အသုံးပြုနိုင်ပါတယ်။gsm ဖုန်းတွင် အင်တာနက် speed ကတော့ download ကို 1 second = 1 kb to 4 kb အထိပဲ ရပါတယ်..
idm နဲ့ download လုပ်မယ်ဆိုရင်တော့ 4 kb to 15 kb ထိရပါတယ်...
idm နဲ့ download လုပ်မယ်ဆိုရင်တော့ 4 kb to 15 kb ထိရပါတယ်...
Android မှာ Gmail Account အဆင့်ဆင့် ထည့်သွင်းနည်း
google services တွေထဲက တခုအပါဝင်ဖြစ်တဲ့Gmail အစောပိုင်းစပြီး ပေါ်လာကထဲကတိုင် Account လုပ်ဖို့တွက် registrator လုပ်တာကလဲ အရမ်းကြီးမခက်ခဲပါဘူး။
အခုဆိုရင် Google ရဲ့ အကျိုးကျေးဇူးကြောင့် Android mobile တွေမှာလဲ gmail ကို လွယ်ကူသွား ထည့်သွင်းပြီုးအသုံးပြုလို့ရနေပါပြီ
သင့်မှာ Gmail account များများရှိနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ Google free ပေးထားလို့ပါ။
သင့် Android device တွေမှာလဲ Gmail account အဆင့်ဆင့် ထည့်သွင်းပြီး အသုံးပြုလို့၇ပါတယ်။
Gmail account များများထည့်သွင်းပြီးသုံးတဲအတွက် အခြား Gmail account တွက် ဆိုကျိုးမသက်ရောက်ပါဘူး။
Gmail Multiple Account ထည့်သွင်းနည်လမ်းလေးက လွယ်ကူပါတယ်။
Android mobile phone မှာ Gmail latest version သွင်းထားဖို့တော့လိုပါတယ်။
သင့် မိုဘိုင်းဖုန်း Gmail latest version သွင်းဖို့ Android Market ကနေ ယူလို့၇ပါတယ်။
အောက်ကနည်းလမ်းလေးက Gmail account တွေကို အဆင့်ဆင့် ထည့်သွင်း အသုံးပြုနည်းလမ်းလေးပါ။
- Phone >>>Option>> ” Settings ” သို့သွားပါ
- Setting >>> Account & Sync ဆက်သွားပါ
Andriod For Chess Game
ဒီ Application လေးက စစ်တုရင်ကစားတဲ့သူများအတွက် အကြိုက်တွေ့စေမယ့် Software လေးတစ်ခုဖြစ်ပါတယ်။အဆင့် (5)ဆင့် ရှိတဲ့အတွက် ကြိုက်ရာ Level ကို ရွေးချယ်ကစားနိုင်ပါတယ်။တစ်ဦးချင်းသော်လည်းကောင်း နှစ်ဦး နှစ်ယောက်တွဲဖက်ပြီးသော်လည်းကောင်းကစားနိုင်ပါသည်။အွန်လိုင်းချိတ်ဆက်ထားရင်တော့အွန်လိုင်းပေါ်မှာပါကစားနိုင်ပါတယ်။
Download For ==> Mediafire
ရှင်စောပုရဲ့ ခေါင်းဆောင်းတော်နှင့် စက္ကောမ ယန္တရား အတတ်

ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သော ခေါင်းဆောင်းတော် နှင့်မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်
ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ ပုံမှာ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပြီး နောက် အင်္ဂလန်သို့ ယူဆောင်သွားပြီး နောက် လန်ဒန်မြို့ရှိ ဗစ်တိုးရီးယားနှင့် အယ်လဘတ် ပြတိုက်၌ယခုထက်တိုင် ပြသလျှက်ရှိသည်။
ဖော်ပြပါပုံကိုကြည့်ချင်းအားဖြင့် ထိုခေတ်ကတဲက မြန်မာတို့၏လက်မှူပညာရပ်များဖြစ်ကြသော ပန်းထိမ် ပညာ၊ ကြေးသွန်းပညာတို့ ခန့်မှန်းထားသည်ထက် ပိုမို ထွန်းကားခဲ့ကြောင်းသုံးသပ်နိုင်ပေသည်။
ဘုရင်မကြီး၏ သားမက်တော် ရာမာ ဓိပတိမင်းလက်ထက်တွင်မူ မြန်မာတို့၏ စက္ကောမ ပညာရပ် (Robot) များသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်ဟု ယူဆမိပေသည်။
ထို အကြောင်းကိုမတင်ပြမီ ရာမာဓိပတိဟု အမည်ရသော်လည်း ယခုထက်တိုင်အောင် ရန်ကုန်မြစ်ဝ၌ နစ်မြုတ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးအား လှုဒါန်း၍ ဓမ္မစေတီ မင်းကြီး ၏ ကြံရည်ဖန်ရည်နှင့် စွမ်းဆောင်းနိုင်မှုတို့ကို တင်ပြနိုင်မှ ပြည့်စုံမည်ထင်ပါသည်။
ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။
အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်း မင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ် ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင် ၏ ခြေတော် ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလို စိတ် ပြင်းပြနေခဲ့လေသည်။
Saturday, September 1, 2012
Virus အတုပြုလုပ်နည်း .......
ပထမဆုံး notepad ကိုဖွင့်ပြီး အောက်က ကုတ်လေးတွေကို ကူးယူလိုက်ပါ။
LOL=msgbox("The virus have beeb detecten! Press YES to format your hard
disc now, or press NO to format your hard disc after the system
reboot", 20, "VIRUS WARNING")
ပြီးရင် virus.VBS နဲ့ save လိုက်ပါ။ ရလာတဲ့ .VBS ဖိုင်လေးကို စချင်တဲ့ သူငယ်ချင်းရဲ့ ကွန်ပျူတာထဲကို ကူးယူပြီး
start -> All programs -> Startup ဆိုတဲ့ ဖိုင်လေးထဲ သွားထည့်ပေးလိုက်ပါ။ ပြီးရင်တော့ နေသားတကျ ပြန်ပိတ်ထားလိုက်ပါ။
သူငယ်ချင်း ကွန်ပျူတာ စဖွင့်တဲ့ အချိန်မှာ .VBS ဖိုင်လေး အလုပ်လုပ်ပြီး warning စာတမ်းလေး တတ်လာပါလိမ့်မယ်။
ဒါဆိုရင်တော့ သူငယ်ချင်း လန့်ဖြန်သွားလိမ့်မယ်....
မှတ်ချက်... တကယ့် virus မဟုတ်ပါ။
ထိုအတွက် မည်သည့် အန်တီဗိုင်းရက်စ်နဲ့ စစ်စစ်မပေါ်နိုင်ပါ။
ကွန်ပျူတာအတွက် မည်သည့် အန္တာရာယ်မှ မရှိကြောင်း အာမခံပါတယ်။
ပြန်ဖြုတ်ချင်ရင်တော့ Startup ထဲက .vbs ဖိုင်လေးကို ပြန်ထုတ်လိုက်ရုံ၊ ဒါမှမဟုတ် delete လုပ်လိုက်ရုံပါပဲ..

CON ဖိုင်တည်ဆောက်ခြင်း၊ File name ဖျတ်ခြင်း၊ Folder & File ဖျောက်ခြင်း (Not Hidden Method)
CON ဖိုင်တည်ဆောက်ခြင်း . . .
ကွန်ပျုတာမှာ ဖိုင်တွေ၊ Folder တွေကို con ဆိုတဲ့ File name ပေးပြီး အလွယ်တည်ဆောက်လို့ မရဘူးဗျ၊
မယုံဘူးလား? ပေးကြည့်ပါဦး File name ကို con လို့ .. မရဘူးဟုတ်?
ဒီလိုလုပ်မှ ရတယ် File rename မှာ con ကိုအရင်ရိုက်ပြီး Alt+0160 >> Enter ဆိုရင်တော့ con ဖိုင်တည်ဆောက်လို့ရပါပီ။
Alt+0160 အစား Alt+255 ရိုက်ရင်လည်း အတူတူပါပဲ။
File name ဖျတ်ခြင်း . . .
ကွန်ပျုတာမှာ ဖိုင်တွေ၊ Folder တွေမှာ File name ကို ဖျတ်ပြီး ဘာမှ မပေးပဲ အလွယ်တည်ဆောက်လို့
မရဘူးဗျ၊ ဒီလိုလုပ်မှ ရတယ်
အရင်ဆုံး File name ကို ကုန်အောင်ဖျတ်ပြီး Alt+0160 >> Enter ဆိုရင်တော့
File name ကို ဘာမှ မပေးပဲထားလို့ရပါပီဗျာ။ Alt+0160 အစား Alt+255 ရိုက်ရင်လည်း အတူတူပါပဲ။
ဆောနရေးလိုက်တဲ့ con ဖိုင်တည်ဆောက်တာနဲ့ လုပ်ဆောင်ချက်က တူနေတယ်ဟုတ်?
အပေါ်မှာပြောခဲ့ပါတယ်။ ၃ ခုလုံးက လုပ်ဆောင်ရမယ့် ပုံစံတူပါတယ်လို့၊
နောက်ဆုံး တစ်ခုက
Folder & File ဖျောက်ခြင်း (Not Hidden Method) . . .
ခေါင်းစဉ်ကမှ ရှည်ပါတယ်ဆို (Not Hidden Mehtod) လို့ ထည့်လိုက်ရတာက
သာမန် ဖိုင်တွေ၊ Folder တွေကို ဖျောက်တဲ့အတိုင်း Hidden ပေးပြီး Do not show
လုပ်တာထင်နေမှာဆိုးလို့၊ အခုနည်းက မတူဘူး အဲ့ဒါကြောင့် …
အရင်ဆုံး ဖျောက်ထားချင်တဲ့ Folder ကို အပေါ်မှာ ရေးခဲ့တဲ့ File name ဖျတ်ခြင်းအတိုင်း
Folder name ကို ဖျတ်ထားရမှာ။ ရမယ်ဟုတ်?
ပြီးရင် အဲ့ Folder ပေါ်မှာ Right Click >> Properties >> Customize tab မှ Change Icon နှိပ်ပြီး

ဆေးလိပ်ဖြတ် မရသူတို့ အတွက် အီလက်ထရွန်း နစ် E စီးကရက်

လူငယ်တွေအဆုံးE စီးကရက်ကို အသုံး ပြုနေကြပါပြီ။ ကျန်းမာရေးအရကော၊ စီးပွားရေး (ဆေးလိပ်သောက်တဲ့အတွက် ကုန်ကျစရိတ်)အရကော၊ အနံ့အသက်ဆိုး တွေမထွက်တာအရကော အဘက်ဘက်မှ အကျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။
E စီးကရက်မှာ ဆေးလိပ်လို ကျောက် မီးသွေး၊
ဆေးရွက်ကြီး၊ ကာဗွန်မိုနောက် ဆိုဒ်ဒါမှမဟုတ် ပြာစတာတွေမပါဘူး။
စစ်တမ်းတစ်ခုအရ ဆေးလိပ်သောက်သူ တွေမှာE စီးကရက်အစားထိုးသုံးရင် ကုန် ကျစရိတ် ပျမ်းမျှ တစ်နှစ်ကို ဒေါ်လာ တစ်ထောင် သက်သာစေပါတယ်။
ခန္ဓာကိုယ်နဲ့ တခြားဝတ္တုပစ္စည်းတွေ အပေါ် ဆေးလိပ်နံ့လိုမျိုး စွဲကျန်ခြင်း မ ရှိနိုင်ပါဘူး။ E စီးကရက်မှာ အနံ့အရသာ မျိုးစုံရှိပါတယ်။ E စီးကရက်ဟာ ပုံမှန် စီးကရက်လို ဆေးလိပ်သောက်လိုက်ပြီး ရင် အဆုတ်က အငွေ့ပြန်ထွက်တာမျိုး မရှိပါဘူး။
"တကယ်ဆေးလိပ် သောက်သုံး သူအားလုံးဟာ E စီးကရက်ကိုပဲ ပြောင်း သောက်မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ တစ်နှစ်တာ ပျမ်းမျှ သေစာရင်းကသေဆုံးသူ လူပေါင်း လေးသိန်းကနေ လူပေါင်း လေးထောင်လောက်အထိတောင် ကျ ဆင်းသွားနိုင်တယ်" လို့ အမေရိကန်ပြည် သူ့ ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာရှင် များအဖွဲ့မှ ဆေးရွက်ကြီး တိုက်ဖျက်ရေး ဌာနမှူး ဂျိုဝယ်နဇ်ကင် က ပြောပါတယ်။ E စီးကရက်မှာ နီကိုတင်းဓာတ် ပါဝင်ပေ မယ့် လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နှုန်းမှာတော့ နီကိုတင်းဓာတ်နဲ့ ကဖင်းဓာတ် အတူတူပဲ ဖြစ်တယ်ဆိုတဲ့ အငြင်းပွားမှု တွေကနေ ဒီလို E စီးကရက်ရဲ့ဖန်တီးဖို့ အ ချက်အလက်တွေ ရလာတာဖြစ်ပါတယ်။